Tuesday, March 3, 2009

သစ္စာရှိပါစေ

ချစ်တယ်ဆိုတဲ့စကား တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ပြောလိုက်ခဲ့တယ်ဆိုရင်ဘဲ တစ်ကယ်ချစ်လို့လား တစ်ကယ်ကော သူ့အပေါ်သစ္စာရှိနိုင်ပါ့မလားဆိုတာကို တော့သေချာစဉ်းစားပြောသင့်တယ်လေ။
တစ်ကယ်လို့ အဲဒီလူတစ်ယောက်ကိုလက်ထပ်ပါမယ်လို့ဂတိတွေပေးခဲ့တယ်ဆိုရင် ပိုဆိုးတော့တာပေါ့နော်။ တစ်ဦးအပေါ်တစ်ဥိးမနစ်နာစေရအောင် ကိုယ်ပေးတဲ့ဂတိအပေါ်မှာ ဆက်လက်လျှောက်လှမ်းသင့်တယ်။
တစ်ကယ်လို့ကိုယ့်ဘက်က အဲဒီ ဂတိပျက်ခဲ့မယ်ဆို၇င်တော့ ကိုယ့်ဘက်ကနေ တောင်းပန်သင့်ရင်တောင်းပန်ရမယ၊် လုံးဝနောက်ဆုတ်ထွက်ခွာမယ်ဆိုရင်တောင် အကြောင်းပြချက်ကလေးပေးပြီးတော့ ထွက်သွားသင့်တယ်ထင်တယ်။ ဒါမှလည်းကိုယ့်ကိုကိုယ် တန်ဖိုးထားသလို တစ်ဖက်သားကိုလည်းတန်ဖိုးထားရာကျမယ်။ တစ်ယောက်အပေါ်တစ်ယောက်နားမလည်ဘူး ဆိုရင်လည်းပွင့်ပွင့်လင်းလင်းတိုင်ပင်သင့်တယ်လို့လည်းထင်တယ်။ တစ်ဖက်သားအပေါ်ညှာတာသောအားဖြင့်တိတ်တဆိတ်ပစ်မသွားသင့်ပေ။ တစ်ကယ်တော့ သစ္စာထားတတ်မူ ဟာလောကရဲ့ အေ၇းကြီးမူတစ်ခုပင်။
နှစ်ဦးသဘောတူ လက်ထပ်မယ်ဆိုကတည်းက လက်ထပ်တာတစ်ဝက်အထမြောက်ပြီးသားပင်။ နောက်မှ လက်ထပ်စာချုပ်တွေ ဆိုင်းထိုးတာတွေ နောက်လူတွေရှေ့မှာ မင်္ဂလာဆောင်ကြတယ်ဆိုတာတွေ ကတော့ လူတွေရှေ့မှာသက်သေပြု၍ ခြည်နှောင်မူတစ်ခုပင်။
လူတစ်ယောက်ပြောတာကြားဘူးတယ် လူတွေရှေ့မှာဘယ်လိုဘဲလက်ထပ်လက်ထပ်၊ သူတို့တရားခံချစ်သူနှစ်ဦးမှာထားရှိတဲ့ သစ္စာတရားကသာအရေးကြီးဆုံးတစ်ခုပါတဲ့။
ပေါင်းဖက်ကြပြီဆိုရင်လည်း ရိုးမြေကျပေါင်းဖက်ကြသောလူတွေတော်တော်များများရှိသည်။ ကိုယ်နှင့်ပေါင်းသင်းသောသူတစ်ယောက် ကောင်းကျိုးဆိုးကျိုးလေးတွေကို အဖြေတူတူညှိယူကြရင်း ဘ၀မှာကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေအတူတစ်ကွ တစ်ယောက်ကိုတစ်ယောက် ပစ်ပယ်ခြင်းမရှိ မျှဝေခံစားသွားကြရမည်လေ။
အဲလိုမျိုးသစ္စာတစ်ရားကို လူတိုင်းလက်ခံရင်းချစ်သူတိုင်းပေါင်းဖက်နိုင်ကြလျှင်အလွန်လှသောမိသားစုလေးတွေဖြစ်နေပါတော့မည်။

ချစ်သူတိုင်းသစ္စာရှိရှိချစ်နိုင်သောသူများ ဖြစ်ကြပါစေလို့လည်းဆန္ဒပြုလိုက်ပါတယ်။

Read more...

Sunday, February 22, 2009

မြွေပွေး

တစ်ခါတစ်လေ သူများကိုသောကရောက်အောင်မလုပ်ချင်ပေမဲ့ လုပ်ခဲ့မိတဲ့အချိန်တွေရှိခဲ့ရတယ်။
ပျော်ချင်လို့တော့မဟုတ် ကိုယ်အပေါ်မှာ အနိုင်ကျင့်တာများလာတောခံနိုင်ရည်မ၇ှိတော့။ သောကတွေက ပဲထပ်ထပ်တိုးခဲ့ရတယ် တစ်ခါတစ်လေတော့လည်း နစ်နာပါစေတော့မဟုတ်၊ သူ့ဘက်ကနားလည်အောင်လို့တော့ တစ်ခုခုတော့ လုပ်မှဖြစ်မည်လေ။ ဒါမှ သူလည်း တစ်ဖက်သားရဲ့ ခံစားချက်ကိုနားလည်လာမည်လေ။
အနိုင်ကျင့်တာတွေများလာလေ။ ခံစားရတာတွေများလာလေ၊ မြိုသိပ်မူတွေများလာလေ လူသားဘဲလေ အတိုင်းအတာတစ်ခု၇ှိတယ်။ အဒီအတိုင်းအတာတစ်ခုထက်ကျော်လွန်လာရင်... ပေါက်ကွဲပြီဆိုရင် သူများနဲ့မတူ ပေါက်ကွဲတတ်တယ်။
အခုတော့ တုန့်ပြန်လိုက်ပြီ။ သိပ်တော့ပြင်းပြင်းထန်ထန်တော့မဟုတ်။ မုန်တိုင်းသေးသေးလေးပါ။
ဒါတောင်သူပြာယာခပ်နေပြီ။ ကဲ မြွေပွေးပါဆိုနေ။

Read more...

Wednesday, February 11, 2009

happy Valentines

Read more...

Friday, February 6, 2009

စိတ်ခမ်းတယ်တဲ့

စိတ်ကုန်တယ်လို့လူတွေပြောတတ်ကြပေမဲ့ စိတ်ခမ်းတယ်လို့ ဘယ်သူမှ မပြောတတ်ပါဘူး။ သူမ ကတော့ တော်တော်လေး စိတ်ညစ်စွာနဲ့ သူ့ကောင်လေးအပေါ်ဒီလိုလေးပြောလိုက်တယ် စိတ်ခမ်းတယ်တဲ့လေ။
တော်တော်လေးတော့နားလည်ရခက်တယ် သေချာစဉ်းစားကြည့်တော့ ဟုတ်သလိုလိုပါဘဲ။ စိတ်ကုန်တယ်ဆိုတာက ခပ်သုံးလို့ဘဲဖြစ်ဖြစ် သွန်လိုက်လို့ဘဲဖြစ်ဖြစ်ကုန်တာ စိတ်ခမ်းတာကကျတော့ ခမ်းခြောက်သွားတာ အချစ်တွေ ဘာမှ မကျန်တော့တာ အပူတွေကြောင့်လေလား တစ်ခုခုပေါ့ မသာယာတော့တဲ့သဘောပေါ့နော်။
ချစ်သူကိုတစ်အားချစ်လိုက်မိတယ် နောက်တော့ ချစ်သူရဲ့ အပြုအမူတွေက သူ့အပေါ်မတိမ်းတော့ဘဲ ဘယ်လိုမှလည်း ညှိယူလို့မရတဲ့တစ်နေ့မှာတော့ ဒီလိုဘဲဖြစ်ခဲ့ခြင်းနေမည်။
နားလည်ပေးခဲ့လိုက်သည် ကိုယ့်ဘ၀မှာလည်းကြုံခဲ့ရဘူးတယ်။လူတစ်ယောက်ရဲ့ ၇က်စက်မူလေ။ ဂတိကိုလွယ်လွယ်လေးပေး နောက်တော့လည်း မိန်းကလေးတစ်ယောက်ကို အရုပ်တစ်ရုပ်လိုစော့ကစားသွားခဲ့တဲ့လူတစ်ယောက်ကိုလေ။ သူမ ပြောနေတာလေးနဲ့တိုက်ဆိုင်နေတယ်လေ။
အော်.. ချစ်သူတွေ သစ္စာရှိရှိနဲ့ တစ်ယောက်ကိုတစ်ယောက်နာကျင်မူ ကင်းစွာပေါင်းစုံနိုင်ကြပါစေလို့ဘဲ ဆုတောင်းပေးလိုက်ပါတယ်။
ချစ်သူများနေ့လေးမှာလည်း ချစ်ခြင်းတွေဖလှယ် ချစ်အိမ်မက်တွေ အကောင်အထည်ဖေါ်နိုင်ကြပါစေ..

Read more...

Sunday, February 1, 2009

အချစ်ဟာရက်စက်တတ်တယ်

Read more...

နာဂစ်အတွက်


၃၁.၁.၂၀၀၉...
ဗမာကျောင်းသူကျောင်းသားများအားဂုဏ်ပြုသော ပွဲလေးလည်းဖြစ် နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်နေသောသူများအတွက်လည်း အလှုငွေလည်းရှိအောင်စီစဉ်ခဲ့သော ဈေးေ၇ာင်းပွဲလေးနဲ့ အတူ မြန်မာခရစ်ယာန် လူငယ်တွေမှ ဖျော်ဖြေသော စတိတ်ရှိုးပွဲလေးပါ။
အချိန်တိုတိုလေးအတွင်းပေမဲ့ လာရောက်အားပေးကြသော မြန်မာမိတ်ဆွေများ ဆရာဆရာမများ ကျောင်းသူကျောင်းသားတွေနှင့် အတော် ပျော်ရွင်ခဲ့ရပါတယ်။

Read more...

Saturday, January 31, 2009

မျှဝေပါချစ်ခြင်း


အချစ်ဆိုတာ ဘာလည်းလို့ လူတွေ အဓိပါယ် အမျိုးမျိုးတွေဖွင့်ကြတယ်။ ချစ်တယ်ဆိုတာကိုဖွဲ့ရာမှာ ရွေးချယ်မူတွေ အမျိုးမျိုးနဲ့ လှလိုချစ်တယ် သဘောကောင်းလို့ချစ်တယ် စသဖြင့်၊ သူတစ်ပါးမှာတွေ့တဲ့အရည်အချင်းတွေ ကိုကြည့်ပြီး ချစ်ကြတယ်။ တကယ်လို့တစ်ပါးသူမှာ ဘာအရည်အချင်းမှ မရှိရင်ကော သူတစ်ပါးမှာလိုအပ်ချက်တွေတွေ့နေရင်ကော ဒီလိုလူကိုပစ်ပယ်ထားမှာလားဟင်။

ဒါပေမဲ့ ဒီလိုမျိုးချစ်ခြင်းကြတော့ ကျမ်းစာတော်ထဲမှာ နဲ့ ကိုယ်ကြိုးစွန့်ပြီးတော့ တပါးသူအတွက် အနစ်နာခံတတ်တဲ့လူတွေမှာ လည်း ဒီလိုချစ်ခြင်းတွေကိုတွေ့ရပါတယ်။ အဲဒီချစ်ခြင်းမှသာလျှင် စစ်မှန်သောချစ်ခြင်းနဲ့ နာကျင်မဲ့တယ်လို့လည်းခံစားရတယ်။ ဒီဗာလင်တိုင်းနေ့လေးကိုလည်း ကိုယ့်ကိုချစ်တဲ့လူတွေ ကိုယ်ကချစ်နေတဲ့သူမှ မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ချစ်ခြင်းကိုလိုအပ်နေသူတွေကိုပိုပြီးမျှဝေတတ်ကြပါစေလို့.........

Read more...

Recent Posts

Text

  ©Template by Dicas Blogger.