ဘ၀လေးတွေအေးစေချင်
လောကကြီးမှာ စစ်တွေဖြစ်လို့ ရာသီတွေ ဖောက်ပြန်လို့ဘယ်သူတွေ ဒုက္ခရောက်တယ်ဘဲပြောပြော အဓိကဒုက္ခေ၇ာက်ကြရတာကတော့ ကလေးလေးတွေပါဘဲ။
ဒီပုံလေးကတော့ အင်ဒိုနီးရှားသွားတုန်းက ရိုက်ခဲ့တာပါ။ လမ်းပေါ်က ကလေးများ မိဘမဲ့ကလေးများ ပြုပြင်ထိန်းသိမ်းရေးစခန်းတစ်ခုရောက်တုန်းက ပါ။ ဒီအသင်းစခဲ့ရတာကတော့ ဆူနာမီကြောင့် မိဘများနှင့်ကင်းကွာခဲ့၇၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ကလေးတွေ ကို ကူညီဖို့အတွက် ခရစ်ယာန်လူငယ်တစ်စုမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီလူငယ်များဟာ သူတို့ရဲ့ အချိန်၊ ငွေ၊ သူတို့ရဲ့ အိမ်တွေကိုတောင်မှ အခန်းလေးတွေကန့်ပြီး ဒီကလေးတွေ အတွက် စီစဉ်ပေးခဲ့ကြပါတယ်။
ဒီလူငယ်တွေ ဟာအမြဲ တက်ကြွနေကြတယ်။ တစ်ပါးသူအတွက် အစေခံနေရတာကို မမောနိုင် မပမ်းနိုင်အောင် ပါဘဲ။
သူတို့ရဲ့ မျက်နှာတွေမှာ ဘယ်လောက်ဘဲမောနေနေ အပြုံးမပျက် တာကို တွေ့ခဲ့၇ပါတယ်။ အလွန်ကိုဘဲ အားရစရာကောင်းပါတယ်။ အခုဆိုရင် လူငယ်တွေ တော်တော် များများဟာ သူတို့ရဲ့ဘ၀တွေကို ဆက်ကပ်ဖို့အတွက် ဒီအဖွဲ့အစည်းထဲဝင်လာတာ တဖွဲဖွဲပါဘဲ။ လူအင်အားများလာတာနဲ့ အမျှ နေရာ ဆယ်ခုထက်မနည်းဖြန့်ပြီးလုပ်ဆောင်နေကြပါတယ်။ အလွန်မှ မင်္ဂလာရှိသော အလုပ်ပါဘဲ။ အချိန်တွေ ကို သူတို့ပျော်ရွင်မူအတွက် မသုံးဘဲတစ်ပါးသူအတွက် ပေးဆပ်ချင်တဲ့စိတ်ကို က ၀မ်းသာစရာပါပင်။
ဘရားသခင်ရဲ့ ကောင်းချီးမင်္ဂလာလည်းဒီလူငယ်တွေ အပေါ် ခံစားရပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။
0 comments:
Post a Comment